Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးကွက်အခြေအနေ

Last Updated:

ဂျုံ

       ယနေ့ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၃၅၀၀-၄၄၅၀၀) ကျပ်၊ဂျုံထွက်တိုးတစ်တင်းလျှင် (၄၁၅၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၃၅၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၀၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်တွင် ဂျုံတစ်တင်းလျှင် (၁၅၀၀)ကျပ်မြင့်တက်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၄၃၇၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၄၃၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်တွင် ပဲစဉ်းငုံ တစ်တင်းလျှင် (၇၀၀)ကျပ် မြင့်တက်လာကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၀၀၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ (၄၈၃၀၀) ကျပ်ဖြစ်၍ ယခုတစ်ပတ်တွင် မတ်ပဲ တစ်တင်းလျှင် (၁၇၀၀) ကျပ်မြင့်တက်လာပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၄၀၀၀  ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ပဲတီစိမ်းကြီး တစ်တင်းလျှင် ၄၃၅၀၀ကျပ်ရှိသည်။ ယခုတစ်ပတ်တွင် တစ်တင်းလျှင် (၅၀၀)ကျပ်နှုန်း မြင့်တက်လာပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၀၃၀၀)ကျပ်၊ ကုဖြူလုံးသေး(၅၀၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၆၈၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၄၉၅၀၀)ကျပ်၊ ကုဖြူလုံးသေး(၄၉၅၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၄၆၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်တွင် ကုလားပဲမျိုးစုံ ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

နှမ်း

       နှမ်းသီးနှံ တစ်တင်းလျှင် နှမ်း(ညို၊ဝါ၊နီ)တစ်တင်းလျှင် (၅၈၅၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၆၂၀၀၀) ကျပ်နှုန်း၊ ယခင်တစ်ပတ်ပေါက်ဈေးနှုန်းမှာ နှမ်း(ညို၊ဝါ၊နီ)တစ်တင်းလျှင် (၅၆၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၅၇၀၀၀) ကျပ်ရှိပြီး ယခင်တစ်ပတ်နှင့်ယခုတစ်ပတ်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံဈေးနှုန်းများ မြင့်တက်လာပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News